Voi 6 Kheng Te SAC Ralhrang Nih An Inn An Khangh Piak Hna

Kant Ba Lu peng Zawchaung khua a voi 6 nak innkhangsak tuar
=============

Sagaing ramthen, Kant Ba Lu peng Zawchaung khua cu tui ni November 30 ni zing lam ihsin SAC ralhrang pawl in khua sung ah lut in inn an ur kang sak ih tui tum hi a voi 6 nak inn ur sak an tong mi a si tiah Kant Ba Lu tualsung mipi pawl cun an sim.

Kant Ba Lu peng Ku Taung Buh circuit sung ih umhmun a khuar mi SAC ralhrang Kha-Ma-Ya – 363 ih mipum50 pawl cu cui’ ram kiangkap ih Tin Taw khua ah November 27 ni ihsin 29 ni tiang nithum tiang an um hnu ah tui’ ni ah Zawchaung khua ah an lut tiah tualsung mipi pakhat cun a sim.
Zawchaung khua hi kum 2021 kum sung ah SAC ralhrang in voi 5 mei an rak ur sak zo ih innkhi 204 um mi lak ah 145 cu cui kum sungah a rak kangral zo a si tiah tualsung mipi pawl cun an sim.

Tui kum November zarh netabik sung ah Sagaing ramthen, Kan Ba Lu peng sung ih Kyisuh khua ah inn 600, Kyaukdaing khua ah inn 177, Phuh Kung khua ah inn 8 le tlawnginn 1, Tauhkan khua ah inn 77 pawl cu SAC ralhrang ih khangsak an tuar tiah Kyunhlah ih thatho zet ih cangvaihnak neitu pawlkom tuanvo nei hruitu cun a sim.

Inn pawl khangsak an tuar lawng si lo in November thla zarh netabik sung ah Kyaukdaing khua ih kum 90 thi a si mi Daw Pya le kum 75 thi a si mi Daw Htu, kum 37 mi Ko Kyaw Zin Oo, Kyisuh khua ih kum 53 mi Daw Taih le kum 45 mi Ko Kyaw Min Oo pawl cu SAC ralhrang in an that tiah tualsung mipi pawl hnen ihsin theih a si.

Cui hlei ah Tauhkan khua ih kum 14 mi Kyaw Swa Htun le kum 85 mi U Aye Saung pawl khal meithal cerek in a ngah ruang ah an thi tiah an sim.
Hi vek in mipi pawl in inn ursak le thah an tuarmi thawn pehpar in thuhla felfai thei ding ah SAC ralhrang lam ih thusimtheinak neitu Sagaing ramthen Social Affairs minister U Aye hlaing cu phone thawn an pehtlaih nan’ a sang duh lo tiah RFA cun an tarlang.

ISP-Myanmar timi thuhla cipciar zingzoi le tuahfeltu pawlkom in November 8 ni ih an thusuah mi cazin ah ralhrang in ram mipi ih thuneihnak a long hnu Sagaing ramthen, Kant Ba Lu peng ih mipi inn le zatlang inn 736 cu mei ur ih siatsauhsak an si ih tualsungmi 14500 kiangkap in inn le lo suahsan in ral an tlan ti in an tarlang.

ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာ ခြောက်ကြိမ်မြောက် မီးရှို့ခံရ
=============
The Rihli Voice
နိုဝင်ဘာလ ၃၀၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် မီးရှို့နေပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် ခြောက်ကြိမ်မြောက် မီးရှို့ခံရတာဖြစ်တယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်ထဲ အထိုင်တပ်စွဲထားတဲ့ ခြေမြန်တပ်ရင်း – ၃၆၃ က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်လောက်ဟာ အဲဒီဒေသတွင်းက သင်တောရွာမှာ နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ သုံးရက်ကြာ တပ်စွဲခဲ့ပြီးနောက် ဒီနေ့မှာ ဇော်ချောင်းရွာထဲ ဝင်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇော်ချောင်းရွာကို ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စစ်ကောင်စီတပ်တွေ ငါးကြိမ်တိုင်တိုင် မီးရှို့ခဲ့လို့ ရွာမှာ အိမ်ခြေ ၂၀၄ လုံးရှိတဲ့ အထဲမှာ ၁၄၅ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်ထဲမှာပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျီစုရွာမှာ နေအိမ် ၆၀၀၊ ကျောက်တိုင်ရွာမှာနေအိမ် ၁၇၇ လုံး၊ ဖို့ကုန်းရွာမှာ နေအိမ် ရှစ်လုံးနဲ့ စာသင်ကျောင်းဆောင်တစ်ခု၊ သောက္ကန်ရွာမှာ နေအိမ် ၇၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အိမ်တွေ မီးရှို့ခံခဲ့ရသလို နိုဝင်ဘာလ နောက်ဆုံးပတ်အထဲမှာပဲ ကျောက်တိုင်ရွာက အသက် ၉၀ အရွယ် ဒေါ်ပြားနဲ့ အ သက် ၇၅ နှစ်အရွယ် ဒေါ်ထူး၊ အသက် ၃၇ နှစ်အရွယ် ကိုကျော်ဇင်ဦး၊ ကျီစုရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်တိုက်နဲ့ အသက် ၄၅ နှစ်အရွယ် ကိုကျော်မင်းဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သောက္ကန်ရွာက အသက် ၁၄ နှစ်အရွယ် မောင်ကျော်စွာထွန်းနဲ့ အသက် ၈၅ နှစ်အရွယ် ဦးအေးဆောင်တို့လည်း သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ သတ်ဖြတ်ခံရမှုတွေကို အသေးစိတ် အခြေအနေတွေ သိရဖို့ စစ်ကောင်စီ ပြောခွင့်ရ စစ်ကိုင်းတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP- Myanmar) ရဲ့ နို ဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့ နယ်မှာ နေအိမ်နဲ့ အဆောက်အအုံ ၇၃၆ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၁၄၅၀၀ နီးပါး အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*