SAC Ralhrang Sianginn Kainak I Mi Dongnak Motor An Kah Ralhrang A Thimi Le Hliamtuar An Um

Yee Myoe ah SAC ralhrang tlawngkai hmuak le thlahnak mawtaw pakhat kap a tuar ih ralhrang 2 an thi, 1 hriamhma tuar
==================

Mone ramkulh, Yee Myoe ah November 24 ni zinglam nazi 8:30 kiangkap ah SAC ralhrang pawl ih Kha-La-Ya (586) battalion ihsin tlawngkai hmuak le thlahnak mawtaw cu kap a tuar ih SAC ralhrang 2 thin in 1 in hriamhma nasa zet a tuar tiah R.G.F mipi ralkap ih thusuahnak ihsin theih a si.

Yee peng saklam Cungpaw khua kiang Yee-Mawlamyiang lamzinpi par ah tlawngkai hmuak le thlahtu mawtaw cu a kir lam rak bawh in bomb thawn an rak do mi a si tiah R.G.F ih PDF ralkap pakhat cun a sim.

R.G.F mipi ralkap ih PDF ralkap pakhat cun “ralhrang pawl in kan pengsung ah ralhrang ih sal ih mi tuahnak ih hmanmi fimzirnak tuahsuak dingin hma an lak rero ruangah le khuapi sung ih um CDM tuahtu zirhtu tlawng saya/ma pawl an hringhro theu ih tlawng ih ca zirh sal dingih an tuah ruang ah kan kap mi a si” tiah a sim.

Hi thilcang ruangah SAC ralhrang cun kiangkap ih um khua pawl ah mipi ralkap pawl an hawl rero tiah tualsung mipi pawl cun an sim.

ရေးမြို့တွင် စစ်ကောင်စီ ကျောင်းကြိုပို့ ကားတစ်စီးတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရ
=============================
The Rihli Voice
နိုဝင်ဘာလ ၂၄၊ ၂၀၂၂
မွန်ပြည်နယ် ရေးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်က စစ်ကောင်စီ၏ ခလရ(၅၈၆) တပ်ရင်းမှ ကျောင်းကြိုပို့ ကားတစ်စီးတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း (R.G.F) ရာမညပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေးမြို့နယ်မြောက်ပိုင်း ကျုံပေါကျေးရွာအနီး ရေး-မော်လမြိုင်ကားလမ်းမပေါ်၌ ကျောင်းကြိုပို့ကားကို အပြန်တွင် စောင့်ဆိုင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (R.G.F) ရာမညပြောက်ကျားတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးထံမှ သိရသည်။
(R.G.F)ရာမညပြောက်ကျားတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးက “စစ်တပ်က ကျွန်တော်တို့မြို့နယ်မှာ စစ်ကျွန် ပညာရေးကို အကောင်ထည်ဖော်နေတာရယ် ပြီးတော့ မြို့နယ်ပေါ်မှာရှိတဲ့ CDM ဆရာ/ ဆရာမတွေကို ခြိမ်းခြောက်ပြီး ကျောင်းပြန်တက်ခိုင်းတာတွေလုပ်နေလို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိကျေးရွာများကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
#Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*