
Sagaing ramthen Chawng Oo peng Kayin khuate le Kalaa Kyi khuate cu September 16 chungah SAC ralkap misual pawl nih meithal le hriamngan in khuachung an kah hna caah minung 5 an nunnak a liam tiah theih a si.
September 15 ah khan Kalaa gyi khuate pawngah a um mi SAC ralkap Mytel tower an hrawhpiak hnu September 16 ah kalaa gyi khuate cu Ralhrang nih bomb in an kah hna. Meithal in an duhpoh in an kah hna khuachung kilveng tu PDF mino minung 5 leng an thi caah An khua an dihlak in an zaam dih hna tiah theih a si.
ချောင်းဦးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းကား သတ်ဖြတ်မှုများ အခြေအနေဆိုးနေ၊ ရွာလုံးကျွတ်ထွက်ပြေးနေရပြီး ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က လုယက်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးနှင့် ကံဇီးကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး လက်နက်ကြီး၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနည်းဆုံး လူ ၅ ဦးထက်မနည်း သေဆုံးပြီး အခြေအနေဆိုးဝါးနေကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ည ၉ နာရီ ဝန်းကျင်အချိန်ခန့်က ကုလားကြီးကျေး ရွာ၏အနီးနားဝန်းကျင်တွင်ရှိသောMytelတာဝါတိုင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကုလားကြီးနှင့်ကံဇီးကျေးရွာများသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်း၊ မယ်သဲကြိုး အနီးအနားဝန်းကျင်များသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုများကြောင့် PDF လူငယ် ၅ ဦးထက်မနည်း အသတ်ခံလိုက်ရပြီး ကျေးရွာပြည်သူတချို့ပါ သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ Crd-KTM
Leave a Reply