
Breaking News!!
India Ram Ah Jet Vanlawng Pahnih Pahsualnak Ruang Ah An Tla!
=====
Indai ram khualipi New Delhi khuapi in chak lei a hlatnak hmun kilometers 300 tluk ah India ram raltuknak Jet vanlawng 2 cu January 28, nihin chun ah raltuk an cawnnak ah an i pahsual i an tla hna tiah tualchung thawnglatu hna nih an langhter.
India ram cunglei raltuknak lei ah nawlngei pakhat Dharmender Gaur nihcun “Jet vanlawng pahsualnak ruang ah a rawkmi hna cu kan hmuh cang hna i Pahadgarh timi ramlak ah hliamhma tuarmi a mawngtu pakhat cu kan kawl hmuhkhawh cang” tiah AFP News ah a chim.
Pahnihnak jet vanlawng zong kawlhawl ding in rian ngeitu an thlah cang hna tiah tualchung Media hna nih an langhter.
Hmuh a si cangmi Jet vanlawng pakhat ah a ṭuanmi minung 3 hna chung ah minung pahnih hna cu a rannak in sii-inn ah kan kalpi khawh cang hna tiah, India ram nawlngeitu hna sin hlathlainak in tualchung Media hna nih an langhter.
Jet vanlawng ah rianṭuan tu a pathumnak minung belte cu fiang te in a sining zeihmanh an langhter rih lo tiah theih a si.
Nihin chun ah India ram Madhya Pradesh State ah Jet vanlawng pahsualnak a tongmi hna vanlawng phun hna cu Sukhoi-30 le Mirage 2000 phun hna an si tiah tualchung humhimnak thawnglatu hna nih an langhter hna.
Rif:The Mindat Post
Lungmili Post
In Burmese အိန္ဒိယလေတပ် တိုက်လေယာဉ် ၂ စင်း မြို့တော်နယူးဒေလီရဲ့ တောင်ဘက် ကီလိုမီတာ ၃၀၀ ဝန်းကျင်အကွာမှာ ဇန်နဝါရီ ၂၈ ရက် (ဒီကနေ့) စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်းမှာပဲ အချင်းချင်းတိုက်မိပြီး ပျက်ကျခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းတွေက အသီးသီးဖော်ပြကြပါတယ်။
“လေယာဉ်တစ်စင်းရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး Pahadgarh တောအုပ်ထဲမှာ ဒဏ်ရာရ လေယာဉ်မှူးတစ်ဦးကို တွေ့ရှိခဲ့ပါတယ်” လို့ လေတပ်တာဝန်ရှိသူ Dharmender Gaur က AFP သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။
ဒုတိယ တိုက်လေယာဉ်တစ်စင်းကိုရှာဖွေဖို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ရှာဖွေတွေ့ရှိတဲ့ တိုက်လေယာဉ်တစ်စင်းရဲ့ အမှုထမ်းသုံးဦးထဲက နှစ်ဦးကို ဆေးရုံအမြန်ပို့ဆောင်နိုင်ခဲ့တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
တတိယမြောက် လေယာဉ်အမှုထမ်းရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အသေးစိတ်အချက်အလက်ကိုပါ သတင်းမှာ ထုတ်ပြန်ဖော်ပြတာမျိုး မရှိသေးပါဘူး။
ဒီကနေ့ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်မှာ အချင်းချင်းတိုက်မိပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်တွေဟာ Sukhoi-30 နှင့် Mirage 2000 အမျိုးအစားဖြစ်တယ်လို့လည်း ကာကွယ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဓာတ်ပုံ အညွှန်း – အိန္ဒိယ စစ်ဘက်သုံး Sukhoi-30 တစ်စင်းအား မြင်တွေ့ရစဥ်။ (Photo: Anupam Nath/AP)
#themindatpost
#အိန္ဒိယစစ်တပ်
#တိုက်မိ #ပျက်ကျ
#တိုက်လေယာဥ်နှစ်စင်း See less
Leave a Reply