
Kokant-MNDAA nih SAC ralkap 8 an thah hna pin ah an hriamnam an lakpiak than hna
September 1, Shan ram Chaklei Monku kahdohnak ah Kokant (Kokang) ralkap MNDAA nih SAC ralkap 8 an thah hna pin ah an hriamnam zeimawzat an lakpiak than hna, tiah kan theih.
Tuzing Septrmber 1, zinglei 9:6 AM ah kahnak a cang i SAC lei in 8 an thi, MNDAA lei in minung 3 hliam fate an tuar tiah MNDAA nih an thanh, tiah Khitthitmedia nih a tial.THT
ယနေ့ မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး လက်နက်တချို့ MNDAA ကိုးကန့် က ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ယနေ့ MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ လက်နက်တချို့ ဖမ်းဆီးရမိကြောင်း MNDAA ကိုးကန့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မုံးကိုးဒေသတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၆ မိနစ်တွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး MNDAA ဘက်မှ ၃ ဦးသာ ထိခိုက်ဒဏ်ရာအနည်းရရှိပြီးလက်နက်ပစ္စည်းတချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“တောင်ကုန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ။ သို့သော် ဘောလုံးအောက်ဘက် နယ်စပ်တစ်၀ိုက်မှာ စစ်ကောင်စီတပ်တွေရှိနေသေးတယ်။ မိမိတို့အနေနဲ့ အဲဒီနေရာဘက်ကို အလွန်အလေးထားပါတယ်။ သူတို့ဘက်က ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲတွေ ဆက်ပြီးတော့ ပြင်းထန်နေမှာပဲ” ဟု MNDAA မှတိုက်ပွဲဝင်အရာရှိတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်များသည် MNDAA ၏ တိုက်ခိုက်မှုများကြောင့် မုံးကိုးဒေသတွင် နေ့စဉ် အတုံးအရုံး သေဆုံးလျက်ရှိသည်။
Leave a Reply