“Min Aung Hlaing” Nih Chinram Hmun Kip Cu Vanlawng In A Kan Phomh Cang Caah CNO/CNDF Ralkap Nih Cathanh An Chuah

SAC ralhrang in Chin ramkulh hmun tin ah vanpar ihsin raldonak a tuahmi thawn pehpar in CNO/CNDF in thusuahnak an nei
~~~~~~~~~~~~~~~~~~~~~~~~~~

SAC ralhrang in Chin ramkulh hmun tin ah van par ihsin raldonak a tuahmi par ah Chin National Organization/ Chin National Defence Force (CNO/CNDF) cun January 24 ni ah thusauh thannak a nei.

SAC ralhrang cun kum 2023 kumthok ihsi thok in Chin ramkulh hmun tin ah a tul hnak ih nasa deuh in doawknak ih hmanmi vanzam pawl hmang in doawknak voi tampi a tuah ih January 10 ni le 11 ni ah CNF/CNA Headquarters a si mi Camp Victoria cu thu umzia nei lo in vanzam thawn a kap ih CNA ih mipi ralkap 5 mual liam in siizung, siikhan le inn pawl tampi a siat tiah CNO/CNDF cun an thusuahnak ca ah an tarlang.

Cui hlei ah 2023 kum, January 7, 8, 22 ni le 23 ni pawl ah Mindat peng sung lai khua lam ih siizung pawl, tlawnginn pawl, raltlan umnak camp pawl le mipi inn pawl cu tumtahnak nei zet in vanzam thawn bomb voi 8 a kap ruang ah mawhpalhnak nei lo mipi pawl hriamhma an tuar ih mipi inn tampi siatsuah a si thu khal a tarlang.

Cuvek in SAC ralhrang in nun rawng zet ih an cangvaihnak ruangah nunnak a liam tu paraltha mipi ralkap pawl, mipi pawl ih tuarnak le sunralnak pawl cu CNO/CNDF in an tuarpi ih SAC ralhrang pawl in an thuneihnak fekter duh ah hivek in Chin ramkulh tel in Myanmar ram hmun tin ih vanpar raldonak an nei tu SAC ralhrang pawl cu CNO/CNDF in dothlengnak a tuahtu hrimhrei kai pawlkom pawl thawn tangtlang in Ralhrang thuneihnak a cemral tiang pehzom in an do ding thu khal an thusuahnak ah an tarlang.

အကြမ်းဖက်စစ်ကောင်စီမှ ချင်းပြည်တဝှမ်း လေကြောင်းတိုက်ခိုက်မှုများအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ သဘောထားထုတ်ပြန်
~~~~~~~~~~~~~~~~~~~~~~
The Rihli Voice
ဇန်နဝါရီလ ၂၄၊ ၂၀၂၃
အကြမ်းဖက်စစ်ကောင်စီမှ ချင်းပြည်တဝှမ်း လေကြောင်းတိုက်ခိုက်မှုများအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ဇန်နဝါရီလ ၂၄၊ ၂၀၂၃ရက်တွင် သဘောထားထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၃ နှစ်ဆန်းပိုင်းမှစ၍ ချင်းပြည်တဝှမ်းအား သာလွန်အင်အား တိုက်ပွဲသုံးလေယာဉ်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် CNF/CNA ဌာနချူပ်ဖြစ်သော Camp Victoria အား လေကြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ CNA တပ်သား (၅)ဦး ကျဆုံးခဲ့ပြီး ဆေးရုံ၊ ဆေးခန်းနှင့် အိုးအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)5က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထို့အပြင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်၊ (၈)ရက်၊ (၂၂)ရက်နှင့် (၂၃)ရက်နေ့များ၌ မင်းတပ်မြို့နယ်အတွင်း ကျေးရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများနှင့် ပြည်သူ့နေအိမ်များအပေါ် ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဖြင့် ဗုံး(၈)ကြိမ် ကြဲချခဲ့သောကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့အိုးအိမ်များစွာ ပျက်စီးဆုံးရှူံးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်းစီ၏ ယုတ်မာစွာတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများ၊ ပြည်သူလူထုများ၏ နာကျင်မှုများနှင့် ဆုံးရှူံးခဲ့မှုများအပေါ် CNO/CNDF အနေဖြင့် ထပ်တူ ခံစားဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ယခုကဲ့သို့ ချင်းပြည်အပါအဝင် မြန်မာပြည်တဝှမ်း လေကြောင်းဖြင့်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်အား CNO/CNDF အနေဖြင့် အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။Crd.. The Rihli Voice

Be the first to comment

Leave a Reply

Your email address will not be published.


*