
A Liamcia thla (4) chung ah CNDF le Ralkap karlak raldohnak voi(8) a chuak i cu chung ahcun Ralkap lei in minung 100 leng an thih lawng si loin, hliam a tuar mi 40 leng an si tiah Falam CNDF nih cathanh an chuah ti asi.
MinAung Hlaing Ralkap a thi mi lak ah ralbawi zong an i tel ve. Kan mah CNDF lei zong nih minung 8 tiang nih ram le miphun caah nunnak an pek ve tiah an langhter fawn.
A Luancia mi “Thla (4) chung ah Falam peng lawng si loin, Kalay peng, Tharsi, Tanbu ti bantuk zong ah kahnak kan ngei hna. Cu ahcun ralkap lei 100 hrawng kan thah khahw hna hi a si” CNDF tuanvo ngeitu pakhat nih Mizzima sin ah a chim hi asi.
CNDF နှင့်တိုက်ပွဲများတွင် ဗိုလ်ကြီးအဆင့်အပါအဝင် စကစ ၁၀၀ ခန့် သေဆုံး
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF) အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် လေးလအတွင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင်အနည်းဆုံး ၁၀၀ခန့်ကျဆုံးခဲ့ပြီး ၄၀ကျော် ဒဏ်ရာရသွားစေခဲ့ကြောင်း CNDFဘက်က ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း CNDF ဘက်မှလည်း ရှစ်ဦးကျဆုံးခဲ့သည်။ ”လေးလအတွင်းမှာ ကျွန်တော်တို့ CNO/CNDFအဖွဲ့အနေနဲ့ ဖလမ်းမြို့နယ်အတွင်းအပြင် ကလေး ၊ကဘားနီ၊သာစည်၊သံဖို အနီးတွေမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာလည်း ပူးတွဲစစ်ဆင်ရေး အနေဖြင့်ပါဝင်ခဲ့တယ်။ကျွန်တော်တို့တိုက်ပွဲပေါင်း ရှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အခါမှာ စကစဘက်က ဗိုလ်ကြီးအပါအဝင်အနည်းဆုံး ၁၀၀နီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူရဲကောင်း ရှစ်ဦးကျဆုံးခဲ့ရတယ်”ဟု CNDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
CNDF သည် Chin National Organization လက်အောက်ရှိလက်နက်ကိုင်တပ်ဖြစ်သည်။
CNO /CNDF အနေဖြင့် NUG၊ CRPH နှင့်လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီးပြည်ထောင်စုအတွင်းရှိEAOs များနှင့်လည်းလက်တွဲသွားမည်ဖြစ်သည့် အပြင်CNF,ZRO (E) CDF,PDF များနှင့်လည်း လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိတိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။
Leave a Reply